ဆင်ပေါင်ဝဲမြို့နယ်၌ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ဆင်ပေါင်ဝဲ  ဇန်နဝါရီ  

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ အမှတ်()ရပ်ကွက်၊ အားကစားကွင်းအတွင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီ ဘောပြိုင်ပွဲများကို ပျော်ရွှင်စွာကစားခဲ့ကြပြီး အဆိုပါပြိုင်ပွဲများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

 

ယင်းပြိုင်ပွဲတွင် ဆုရရှိသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး လွတ်လပ်ရေးနေ့တွင်လည်း ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း