ပေါက်ခေါင်းမြို့နယ် အားကစားကွင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို)အားကစားပြိုင်ပွဲများ ပြုလုပ်

ပေါက်ခေါင်း   ဇန်နဝါရီ   ၃

ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်းမြို့တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့နယ်အားကစားကွင်းနှင့် အားကစားခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် အားကစားဝါသနာရှင်များ ပူးပေါင်းကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ပြုလုပ်သော အားကစားပြိုင်ပွဲများမှာ မြို့နယ်အဆင့် ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ အမျိုးသားမီတာ (၂၀၀)အပြေးပြိုင်ပွဲ၊ အလတ်တန်းမီတာ (၁၀၀)၊ အမျိုးသမီးအငယ်တန်း မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသမီးထုတ်ဆီးတိုး၊အာလူးကောက်နှင့် အိတ်စွပ်ပြိုင်ပွဲများကို ပြုလုပ်လျက်ရှိရာ ဗိုလ်လုပွဲယှဉ်ပြိုင်ရန်လိုအပ်သည့် အသင်းများ မှာ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုရရှိသည့် အားကစားသမားများကိုလည်း ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းထွန်းအောင်