အမာမြို့၌  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို Talk Show ကျင်းပ

အမာ    ဇန်နဝါရီ   

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို Talk Show ကို ယနေ့  နံနက်(၁၁)အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး နော်လေးလီယန်က Talk Show ကျင်းပ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်နှင်းမြသန္တာက လွတ်လပ်ရေးနေ့ သမိုင်းကြောင်း၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိ‌‌ရေး ဆောင်ရွက်ခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အကြောင်း  စသည့် အကြောင်းအရာတို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။ 

 

အမာ