ဟိုင်းကြီးကျွန်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လွပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

ဟိုင်းကြီးကျွန်း ဇန်နဝါရီ 


ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်​ကမ်း​စာစောင် ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က ယနေ့နံနက်ပိုင်းတွင် လူစည် ကားရာနေရာများ၌  ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ "သတင်းစကား" လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက်ချုပ် ဆိုခဲ့သော စာချုပ်များအကြောင်း ၊ ၂၀.၁.၁၉၄၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း  အလယ် ပစ္စယံညီလာခံ၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်များ၊(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် ပထမဆုံးသော လွတ် လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်များ၊ ကဗျာဖော်ပြချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ ပါဝင်သည့် လက် ကမ်းစာ စောင်များကို  စျေးများ ၊ လူစည်ကားရာနေရာများတွင် သတင်းစကား လက်ကမ်းစာစောင် စောင်ရေ (၂၀၀)  အား  ဖြန့်ဝေခဲ့ကြောင်းသိရသည်။

နွေးနွေးအောင်ကြွယ်