ငါးသိုင်းချောင်းမြို့၊ အ-ထက၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ငါးသိုင်းချောင်း ဇန်နဝါရီ ၃          

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-က ကျောင်းခန်းမ၌ ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ဇန်နဝါရီလ ၃ ရက်နေ့၊နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အဆိုပါကျောင်းခန်းမ၌ ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲကျင်းပရာ အလယ်တန်း နှင့် အထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူ (၃၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီးဆက်လက်၍ ကျပန်း စကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အလယ်တန်းနှင့်အထက်တန်း အဆင့်ကျောင်း သား၊ ကျောင်း သူ(၄)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများကို အ-ထ-ကငါးသိုင်းချောင်း၊ကျောင်းအုပ်ဆရာမကြီးဒေါ်ဆွေဆွေဦးနှင့် ဆရာ/ဆရာမများဦးဆောင်ကြီးကြပ်မှုဖြင့်ကျောင်းရှိအလယ်တန်း၊အထက်တန်းအဆင့်ကျောင်းသား ကျောင်းသူများစုပေါင်းပါဝင်ကျင်းပခဲ့ကြောင်းနှင့် ပြိုင်ပွဲထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများကို (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့၊ဇန်နဝါရီလ(၄)ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်သွား မည်ဖြစ် ကြောင်း သိရှိရသည်။