သတင်းများ

စနစ်ကျသည့် စက်မှုနယ်မြေများ ပေါ်ထွက်လာစေရေး Town Plan ရေးဆွဲရာတွင် မြေနေရာ ထည့်သွင်းသတ်မှတ်ထားရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား
Jan 03,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် စာစီစာကုံး၊ ကျပန်းစကားပြော ပြိုင်ပွဲများ ကျင်းပ
Jan 03,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် အခြေခံပညာ ကျောင်းများတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကျပန်း စကားပြော ပြိုင်ပွဲများကို ဇန်နဝါရီလ(၃) ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများအား ကြည့်ရှုအားပေး
Jan 03,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီက မြို့နယ် အားကစားကွင်းနှင့် သတ်မှတ်နေရာများတွင် ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဦးထွန်းခင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး စိန်သောင်းနှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း ကွင်းဆင်း၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျိုက္ကသာကျေးရွာ၌အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၂)ဖွင့်လှစ်
Jan 03,2022
ကျိုက်ထိုမြို့နယ် ကျိုက္ကသာ ကျေးရွာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၂) အားဇန်နဝါရီ ၃ ရက်နံနက် ၉ နာရီတွင်ကျိုက္ကသာကျေးရွာ နယ်မြေ မီးသတ်တပ်ဖွဲ့ စခန်း၌ဖွင့်လှစ်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှုး ပြည်ထွန်း ကယခုသင်တန်းတွင် စစ်ရေးပြ ဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ရှာဖွေကယ်ဆယ်ရေးပညာရပ်များအား စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်သည့် အတွက်သင်တန်းသားများ၏ လိုအပ်သောစာရေးကိရိများကိုလည်း‌ထောက်ပံ့ပေးမည်ဖြစ် ကြောင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဇော်ဦးက သင်တန်းကို
အမ်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ်
Jan 03,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို မိုးလုံလေလုံ အားကစားခန်မတွင် ယနေ့နံနက် (၉)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ကနီမြို့နယ်၌ ​မွေးကင်းစမှ တစ်နှစ်ခွဲထိက​လေးငယ်များအား လစဉ်ကာကွယ်​ဆေးတိုက်ခြင်း ​ဆေးထိုးခြင်းများ​ဆောင်ရွက်​ပေးလျက်ရှိ
Jan 03,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် ​မွေးကင်းစမှ တစ်နှစ်ခွဲအထိ က​လေးငယ်များအား လစဉ်ကာကွယ်​ဆေးတိုက်ခြင်း၊ ​ဆေးထိုးခြင်းများကို လစဥ် လဆန်း ၁ ရက်​နေ့နှင့် ၂ ရက်​နေ့ များတွင်​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်းသိရှိရသည်။
ဆံတော်ရှင် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ တန်ဆောင်းပြာသာဒ် ၄ ခုအား ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ တန်ဆောင်း ပြဿဒ် ၄ ခုအား ရေရှည်တည်တံ့ခိုင်မြဲစေရေး ရှေးမူမပျက် ထိန်းသိမ်းပြုပြင် မွမ်းမံဆောင်ရွက်လျက်ရှိသည်။
ဆားလင်းကြီးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဖတ်မှတ်စွမ်း ရည်ပြိုင် ပွဲ နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားခြင့် မူလတန်းအဆင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။