ကနီ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် မွေးကင်းစမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းများကို လစဥ် လဆန်း ၁ ရက်နေ့နှင့် ၂ ရက်နေ့ များတွင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် လည်း ကနီမြို့ပေါ် (၃) ရပ်ကွက်ရှိ ကလေးငယ်များ နှင့် ကနီမြို့နယ်အတွင်း ရှိကျေးရွာများမှ ကလေးငယ်များအား မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်မ၌ (၅)မျိုးစပ်ကာကွယ်ဆေးများ၊ ပိုလီယိုထိုးဆေး၊ ပိုလီယိုတိုက်ဆေးများ၊ ဝက်သက် ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးများကိုလစဉ်ပုံမှန် ကာကွယ်ဆေးထိုးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ တာဝန်ရှိသူထံမှသိရှိရသည်။