သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးပေါင်းမြောက်များစွာ ပေးဆပ်၍ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်၊ ကမ္ဘာတည်သရွေ့ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည့် လွတ်လပ်ရေး တည်တံ့ခိုင်မြဲစေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက ဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ ( ၄ )ရက်နေ့တွင် ကျရောက်မည့် " (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ " အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ် အတွင်းရှိ ကျောင်းများ၊ ဌာနဆိုင်ရာများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းဆုံလမ်းခွ နေရာများ အပါအဝင် လူစည်ကားရာနေရာတို့တွင် ပြည်သူများထံ လက်ဝယ် အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။
(၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ
Jan 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေသည့် သတင်းစကား လက်ကမ်း စာစောင်များအား ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အတွင်းရှိ ပြည်သူများထံ လက်ဝယ် အရောက် အခမဲ့ဖြန့်ဝေဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်ကျွန်း)ရုံး မြေစိုက် နံရံကပ်ပြဘုတ်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုင်ရာ ဗဟုသုတရဖွယ်များနှင့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကျန်းမာရေးအသိပညာပေး စာသားများပါဝင်သည့် ဗွီနိုင်းများကို ပြည်သူများ သိရှိစေနိုင်ရေးပြသဆောင်ရွ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (သင်္ဃန်ကျွန်း) ခရိုင်ရုံး မြေစိုက်နံရံကပ်ပြ ဘုတ်တွင် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုင်ရာ ဗဟုသုတရ ဖွယ်များနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး စာသားများပါဝင်သည် ဗွီနိုင်းများကို ပြည်သူများသိရှိစေနိုင်ရေး ယနေ့၊ နံနက် (၈) နာရီအချိန်က မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက် ထားရှိကြောင်းသိရှိရသည်။
ဒေါပုံမြို့နယ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိပြည်သူများ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁) ကျောင်းနှင့် ဌာနဆိုင်ရာများတွင် ဖြန့်ဝေခဲ့သည်။
ထီးချိုင့်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 03,2022
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဌာန၊ Community Centre တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
နတ်မောက်မြို့နယ် ရေယိုကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်
Jan 03,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်း စီမံချက်ဖြင့် တွင်းကြီးကျေးရွာအုပ်စု၊ ရေယိုကျေးရွာသို့ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ဥယျာဉ်စုကျေးရွာ၌(VDP)စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်း (၉၅)% ပြီးစီးပြီဖြစ်
Jan 03,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ခြောက်လတာကာလအတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဆောင်ရွက်ပေးခြင်းကို စီမံကိန်းရန်ပုံ‌ငွေ ကျပ်သိန်း (၁၀၀)ဖြင့် တောင်တွင်းကြီး မြို့နယ် ဥယျာဉ်စုကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအကောင်အထည် ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် တာဝန်ရှိ သူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။