ကျိုက္ကသာကျေးရွာ၌အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၂)ဖွင့်လှစ်

ကျိုက်ထို ဇန်နဝါရီ ၃

ကျိုက်ထိုမြို့နယ် ကျိုက္ကသာ ကျေးရွာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၂) အားဇန်နဝါရီ ၃ ရက်နံနက် ၉ နာရီတွင်ကျိုက္ကသာကျေးရွာ နယ်မြေ မီးသတ်တပ်ဖွဲ့ စခန်း၌ဖွင့်လှစ်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှုး ပြည်ထွန်း ကယခုသင်တန်းတွင် စစ်ရေးပြ ဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ရှာဖွေကယ်ဆယ်ရေးပညာရပ်များအား စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်သည့် အတွက်သင်တန်းသားများ၏ လိုအပ်သောစာရေးကိရိများကိုလည်း‌ထောက်ပံ့ပေးမည်ဖြစ် ကြောင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးထွန်းဇော်ဦးက သင်တန်းကို နိုင်ငံတော်မှငွေကြေးအကုန်အကျခံဖွင့်လှစ် ပေးသည့်အတွက် သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြ‌ဆရာများ သင်ကြား ပြသမှုများအား သေချာဂရုစိုက် သင်ယူလေ့ကျင့်ရန် လိုအပ်ပြီးသင်တန်းပြီးဆုံးသည့်အခါ မိမိရပ်ကွက်/ကျေးရွာများတွင် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်(၄)ရပ်ဖြစ်သည့် မီးငြိမ်းသတ်ရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင် ရွက်ရေး တို့ကိုမှာကြားခဲ့သည်။  

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး  ဦးရဲညွန့်ထွေးက သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ် ဖွဲ့ဝင်များသည် နိူင်ငံ‌တော်၏အရန်အင်အားဖြစ်သည်နှင့်အညီမီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် မြင့်မားလာသည့်တပ်ဖွဲ့ဝင်ဖြစ်စေရေးအတွက်(လေ့ကျင့်ရေးနှင့်တည် ဆောက်) ဆိုသည့် အတိုင်းတပ်ဖွဲ့ဝင်များ ကိုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ လမ်းညွှန်ချက်နှင့်အညီ လေ့ကျင့် ရေး မွမ်းမံသင်တန်းကိုဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်းသင်တန်းဖွင့် လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြား ခဲ့သည်။

အဆိုပါသင်တန်းအားသင်တန်းသား  (၂၅ )ဦးတက်ရောက်ပြီးသင်တန်းကာလမှာ ဇန်နဝါရီ ၃ ရက်မှ၂၈ ရက်နေ့ထိ ရက်သတ္တ (၄)ပတ်ကြာနည်းပြဆရာများကဘာသာ ရပ်အလိုက်သင်ကြားပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။

ဝင်းမောင်(ကျိုက်ထို)