ဆိပ်ဖြူ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် အခြေခံပညာ ကျောင်းများတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကျပန်း စကားပြော ပြိုင်ပွဲများကို ဇန်နဝါရီလ(၃) ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကျပန်စကားပြော ပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူးရုံး၏ ဦးဆောင်မှုဖြင့် အခြေခံပညာကျောင်းများတွင် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စာစီစာကုံးနှင့် ကျပန်းစကားပြော ပြိုင်ပွဲများကိုလည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် အမျိုးသား (အလွတ်တန်း)ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားကွင်းတွင် လည်းကောင်းအသီးသီးကျင်းပ ပြုလုပ်ခဲ့ကြပြီး မြို့နယ်အတွင်းမှ အားကစားဝါသနာရှင် လူငယ်များအသီးသီးလာရောက်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ /ဆရာများ ၊ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေ အသိပညာပေးခဲ့ကြောင်းသိရှိရသည်။
ကိုဇွဲ(အညာမြေ)