မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများအား ကြည့်ရှုအားပေး

ငဖဲ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် နာရီက  မြို့နယ် အားကစားကွင်းနှင့် သတ်မှတ်နေရာများတွင် ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဦးထွန်းခင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး စိန်သောင်းနှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း ကွင်းဆင်း၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောပြိုင်ပွဲများ ပါဝင်ပြီး မြို့နယ်အားကစား ကွင်းတွင်ပြေးခုန်ပစ်ပြိုင်ပွဲများ၊ မြို့နယ်ထွေ/အုပ်ရုံးတွင် စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ၊ ကျောင်းတွင်းရပ်ကွက်ထိပ်တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်  ပေကုန်းကျေးရွာတွင် ဘော်လီဘောပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ပေး လျက်ရှိပြီး ဇန်နဝါရီလ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အပြီးတွင် ဆုများပေးအပ် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

မယု (ငဖဲ)