ဆားလင်းကြီးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဖတ်မှတ်စွမ်း ရည်ပြိုင် ပွဲ နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ

ဆားလင်းကြီး   ဇန်နဝါရီ  ၃

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားခြင့် မူလတန်းအဆင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့်  ဆေးရောင်ခြယ်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန      (Community Centre) ခန်းမတွင် ယနေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာက  ကလေးငယ်များအား အသိပညာဗဟုသုတများ ရှာမှီးရာနေရာတစ်ခုဖြစ်သည့် စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းလာ စေရန်နှင့် ဉာဏ်ရည်​ဉာဏ်သွေးထက်မြက်စေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကေျာင်းသူ (၁၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း  သိရှိရသည်။

ဥမ္မာခိုင်