အမ်း ဇန်နဝါရီလ ၃
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို မိုးလုံလေလုံ အားကစားခန်မတွင် ယနေ့နံနက် (၉)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် လေ့ကျင့်ရေးမွမ်းမံသင်တန်းမှ ပို့ချပေးမည့် ပညာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်၊ မိမိရပ်ရွာအတွင်း မီဘေးအန္တရာယ် ကြုံတွေ့လာပါက တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်နိုင်ရန် စနစ်တကျသင်ယူကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်သန်းဌေးက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့်ပါတ်သက်၍ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့သည် ခေတ်မီဖွံ့ဖြို့းတိုးတက်လာသော နိုင်ငံတော်အတွက် နည်းပညာစွမ်းအား ယာဉ်/စက်စွမ်းအား၊ လူစွမ်းအား တို့ဖြင့် မီးဘေး၊ သဘာဝဘေးနှင့် အခြားသောဘေးအန္တရာယ် အပေါင်းမှကာကွယ် စောင့်ရှောင့်နေသော တပ်ဖွဲ့ဖြစ်သည်နှင့်အညီ တပ်ဖွဲ့အတွင်းရှိ တပ်ဖွဲ့ဝင်များ ၏ စိတ်ဓါတ်၊ စည်းကမ်း၊ စွမ်းရည်ကောင်းမွန်စေရန်အတွက် အမြဲမပြတ် လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်ကာ သင်ကြားပေးလျှက်ရှိပြီး အရန်အင်အားဖြစ်သည့် အရန်မီးသတ်တပ် ဖွဲ့ဝင်များအားလည်း လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်လှစ်ကာ မီးငြိမ်းသတ်ရေးလုပ်ငန်းများ၊ သဘာဝဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် စနစ်တကျစီမံ ဆောင်ရွက်နိုင်ရေး အတွက် သင်တန်းများဖွင့်လှစ် လေ့ကျင့်ပေးလျှက် ရှိကြောင်းပြောကြားခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ သင်တန်းကြီး ကြပ်ကွပ်ကဲမှုကော် မတီများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်သန်းဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်/ ကျေးရွာအုပ်စု များမှ သင်တန်းသား/သင်တန်းသူ(၅၀)ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြများမှ ရက်သတ္တပါတ် လေးပါတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စိုးမင်းထွန်း