ဗန်းမောက်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ကြီးမှူး၍ ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအား ဖိတ်ခေါ်ပြီး အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်း၌ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။