သတင်းများ

(၇၄)နှစ်မြာက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Jan 03,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ဝန်းသိုဘုန်းကြီးကျောင်းဝန်းအတွင်း၌ (၇၄)နှစ်မြာက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းအား ယမန်နေ့နေ့လယ် (၁)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းသန့်ရှင်းရေး ပြုလုပ်သည့်နေရာသည် စွယ်တော်တိုက် စေတီတော်အား ကိုးကွယ်ပူဇော် တည်ဆောက်မည့် မြေနေရာဖြစ်ကြောင်းလည်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ စားသောက်ဖွယ်ရာပစ္စည်းများ နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jan 03,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ အစားအသောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အသုံးပြုနိုင်ရန် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့ နံနက်(၁၀) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ပင်လောင်းမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း ရှုံး၊ ထွက် ပွဲပြိုင်ပွဲများဆက်လက်ကျင်းပ
Jan 03,2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလွတ်တန်း (၂) ယောက်တွဲပိုက်ကျော်ခြင်း ပြိုင်ပွဲရှုံးထွက်ပွဲစဉ်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ရှိ ပိုက်ကျော်ခြင်း ကွင်းတွင် ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ပြုလုပ်ခဲ့သည်။
ကျောက်မဲမြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၆ ရပ်ကွက်၊ အောက်မင်္ဂလာလမ်း ရှိ ပိုက်ကျော် ခြင်းကွင်း၌ ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ ကျောက်မဲမြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံပိုက်‌ကျော်ခြင်း ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Jan 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိဌာနများ၊ ယာယီပျံကျဈေးနှင့် စားသောက်ဆိုင်များတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက သွားရောက် ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား တွင် အလှပြယာဉ်များနှင့် ဖျော်ဖြေရေးယာဉ်များ ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Jan 03,2022
(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် အလှပြယာဉ်များနှင့် ဖျော်ဖြေရေးယာဉ်များ ပြသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီ က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
ရွှေသောင်ယံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၁၀)နာရီက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၌ ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြည်သူများကြား လိုက်လံဖြန့်ဝေပေးခဲ့ ကြသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်
Jan 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက် (၁၁.၀၀) နာရီအချိန်ကပုဇွန် တောင်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများအား လွတ်လပ်ရေးနေ့နှင့် ပက်သက်သည့်အကြောင်းအရာများကို ဗဟုသုတရရှိစေရန် လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်အား လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။