မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေသည့် သတင်းစကား လက်ကမ်း စာစောင်များအား ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အတွင်းရှိ ပြည်သူများထံ လက်ဝယ် အရောက် အခမဲ့ဖြန့်ဝေဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များတွင် မြန်မာ့လွတ်လပ်ရေးတစ်လျှောက် ချုပ်ဆို ခဲ့သည့် စာချုပ်များအကြောင်း၊ ဗိုလျခြုပျအောငျဆနျး၏ သမိုင်းဝင်မိန့်ခွန်းများ၊ နိုင်ငံတော်အကြီး အကဲများ၏ မိန့်ခွန်း ကောက်နုတ်ချက်များ၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ လှတျလပျရေးနေ့ အထိမ်းအမှတ် ဆိုင်ရာ ကဗျာနှင့် ကာတွန်းများဖြင့် ဝေဝေဆာဆာ ပါရှိသည်။ သတင်းစကားလက်ကမ်း စာစောင်များကို မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စျေးများနှင့် ကားဂိတ်များရှိ ပြည်သူများအား ဖြန့်ဝေခဲ့ရာ လက်ကမ်းစာစောင် (၂၅၅) စောင်ဖြန့် ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ ပြန်/ဆက်