ထီးချိုင့် ဇန်နဝါရီ ၃
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဌာန၊ Community Centre တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်လဲ့လဲ့ခိုင်က လွတ်လပ်ရေး နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ လွတ်လပ် ရေး၏ အဓိပ္ပာယ်၊ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်း များကို “လွတ်လပ်ရေးနေ့ သမိုင်း” ခေါင်းစဉ်ဖြင့် မြန်မာတစ်မျိုးသားလုံးက လွတ်လပ်ရေးကို သွေးမြေကျခဲ့ပြီး တိုက်ခိုက်ရယူခဲ့ပုံနှင့် မြန်မာအချုပ်အခြာအာဏာ လွတ်လပ်ရေးကို အသက်ပမာ တန်ဖိုးထားပြီး မပျောက်ပျက် မဆုံးရှုံးသွားဘဲ ထာဝစဉ်တည်တံ့နိုင်အောင် ကြိုးစားဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ရဲလင်းထွန်း(ထီးချိုင့်)