ဒေါပုံ ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိပြည်သူများ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁) ကျောင်းနှင့် ဌာနဆိုင်ရာများတွင် ဖြန့်ဝေခဲ့သည်။
ထိုသို့ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်ရုံးရှိ ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ သတင်းစကား လက်ကမ်း စာစောင်များကို ရပ်ကွက်အတွင်းရှိ ပြည်သူများ၊ ကျောင်းသားကျောင်းသူများ၊ ဌာနဆိုင်ရာများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ပြီး အဆိုပါ လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ(၄)ရက် နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊(၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းပြောကြားချက်မှ ကောက်နုတ်ချက်များ၊ စသည့် လွတ်လပ်ရေးနေ့ အကြောင်းသိကောင်းစရာများ စသည်တို့ ပါဝင် ကြောင်းသိရသည်။
ယဥ်မော်(ပြန်/ဆက်)