မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

မိုင်းယန်း   ဇန်နဝါရီ      ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့ကို မမေ့အပ်စေရန်နှင့် ကျောင်းတွင်  စာပေသင်ကြားရေးသာမက ကာယဉာဏ်ဏစာရိတ္တ၊ ရသ စသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရာဖြစ်သည့် အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အားကစားပြိုင်ပွဲများကို အားကစား စိတ်ဓာတ်အပြည့်ဖြင့် စည်းလုံညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တက်သည့် အကျိုးကျေးဇူးများ ရရှိစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲ၊ လွန်ဆွဲပွဲအပါအဝင် အခြားအားကစားပြိုင်ပွဲများကို ဇန်နဝါရီလ (၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ  သိရသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲ အသီးသီးတို့တွင် ဆုရရှိသည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့တွင် ဆုများပေးအပ်မြှင့် သွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်းထူး