တောင်တွင်းကြီးမြို့နယ် ဥယျာဉ်စုကျေးရွာ၌(VDP)စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်း (၉၅)% ပြီးစီးပြီဖြစ်

တောင်တွင်းကြီး   ဇန်နဝါရီ    ၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊  ခြောက်လတာကာလအတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဆောင်ရွက်ပေးခြင်းကို စီမံကိန်းရန်ပုံ‌ငွေ ကျပ်သိန်း (၁၀၀)ဖြင့် တောင်တွင်းကြီး မြို့နယ် ဥယျာဉ်စုကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအကောင်အထည် ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် တာဝန်ရှိ သူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည်ပေ (၆၈၅)ပေရှိပြီး ၂၀၂၁၂၀၂၂ဘဏ္ဍာနှစ်၊ ခြောက်လဘတ်ဂျတ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏  (VDP)စီမံကိန်းရန်ပုံငွေွကျပ်သိန်း (၁၀၀)၊ပြည်သူလူထု ထည့်ဝင်ငွေကျပ် (၂၀)သိန်းဖြင့် လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မ  ကွန်ကရစ်လမ်းအဖြစ် ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီက တာဝန်ယူ၍ ဒီဇင်ဘာလ(၁)ရက်နေ့ကစတင်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် လိုအပ်သည့်နည်းပညာများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခုအခါ ကျေးရွာတွင်းကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းမှာ (၉၅) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးပါက တောင်တွင်းကြီးမြို့နယ် ဥယျာဉ်စုကျေးရွာရှိ အိမ်ထောင်စု (၁၇၅)စုအနေဖြင့် ရာသီမရွေးအဆင်ပြေစွာသွားလာနိုင်မည့်အပြင် လယ်ယာသီးနှံထွက်ကုန်များကိုလည်း အချိန်ကုန် လူပင်ပန်း သက်သာစွာဖြင့် သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်ထံမှ သိရသည်။

ဦးနိုင်၀င်း