ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်ကျွန်း)ရုံး မြေစိုက် နံရံကပ်ပြဘုတ်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုင်ရာ ဗဟုသုတရဖွယ်များနှင့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကျန်းမာရေးအသိပညာပေး စာသားများပါဝင်သည့် ဗွီနိုင်းများကို ပြည်သူများ သိရှိစေနိုင်ရေးပြသဆောင်ရွ

ရန်ကုန် ဇန်နဝါရီ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (သင်္ဃန်ကျွန်း) ခရိုင်ရုံး မြေစိုက်နံရံကပ်ပြ ဘုတ်တွင် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုင်ရာ ဗဟုသုတရ ဖွယ်များနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး စာသားများပါဝင်သည် ဗွီနိုင်းများကို ပြည်သူများသိရှိစေနိုင်ရေး  ယနေ့၊ နံနက် (၈) နာရီအချိန်က မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက် ထားရှိကြောင်းသိရှိရသည်။

ထိုသို့ ပြသဆောင်ရွက်ထားရှိသည့်အသိပညာပေး ဗွီနိုင်းများတွင်   (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော မိန့်ခွန်း ကောက်နှုတ်ချက်များ၊ လွတ်လပ်ရေးနေ့ အကြောင်း သိကောင်းစရာများ၊ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းအကျဉ်းစသည့် လွတ်လပ်ရေး၏ အဓိပ္ပာယ်၊ လူငယ်များသိသင့်သိထိုက်သော ဆောင်ပုဒ်များ၊ စကားစုများပြသထားပြီး၊ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သော အကြောင်းအရာများ၊ရောဂါကာကွယ်ရေး နည်းလမ်းများ ကိုယ်ခံ အားစနစ်နှင့်ပတ်သက်၍ ပြုမှုနေထိုင်သင့်သည့်အချက်များကျန်းမာရေး ဝန်ကြီးဌာနမှ အများပြည်သူသို့ ပန်ကြားသော ပန်ကြားချက်များ၊ နိုင်ငံတော်ပိုင် နေ့စဉ်ထုတ်သတင်းစာတွင်ပါဝင်သော သိမှတ်ဖွယ်ရာ အကြောင်းအရာများကို ဝေဝေဆာဆာပြသ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

စန္ဒာမိုး