သတင်းများ

မိုင်းရယ်၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်း စာကြည့်တိုက် ဖွင့်လှစ်
Jan 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြု သောအားဖြင့် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အခြေခံပညာအလယ်တန်း ကျောင်း တွင် ပြုလုပ်သည်။
မယ်စဲ့မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား ကျင်းပ
Jan 04,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်က မြို့နယ်ခန်းမရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့်သဝဏ်လွှာ ဖတ်ကြားပွဲအခမ်းအနား လယ်ဝေးမြို့နယ်တွင်ကျင်းပ
Jan 04,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အခမ်း အနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အလံတိုင်ကွင်း၌ ယနေ့နံနက်(၄)နာရီ (၂၀)မိနစ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံတင် စုပေါင်းအလေးပြုအခမ်းအနား ကျင်းပသည်။
မင်းလှမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင် အခမ်းအနားနှင့်နိုင်ငံ‌တော်အလံ အလေးပြုပွဲ ကျင်းပ
Jan 04,2022
မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံ‌တော်အလံတင် အခမ်းအနားနှင့် နိုင်ငံ‌တော်အလံအလေးပြုပွဲကို ဇန်နဝါရီလ၄ရက်နေ့ နံနက် ၄ နာရီမိနစ်၂၀ ကကျောက်တိုင် ကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။
ကာမိုင်းမြို့၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကျင်းပ
Jan 04,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို  ယနေ့နံနက် ၄ နာရီ မိနစ်၂၀ က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ကွင်းပြင်တွင် ကျင်းပခဲ့သည်။
တာမွေမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jan 04,2022
၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်ခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်း ခရိုင် တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ မြက်ခင်းပြင်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ
Jan 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မြက်ခင်းပြင်၌ လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ က ကျင်းပသည်။
ကသာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲ ကျင်းပ
Jan 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့   အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယနေ့နံနက်ပိုင်းက စုပေါင်းရုံးကြီးဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။