ကာမိုင်း ဇန်နဝါရီ ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ်၂၀ က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ကွင်းပြင်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကာမိုင်းမြို့၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံကိုလွှင့်တင်ကြ၍ တက်ရောက်လာသူများက အလေးပြုပြီး စုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်နှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ အသင်းခွဲငယ်မှ တပ်ဖွဲ့ဝင်များ၊ ကချင်နှင့် သျှမ်းနီတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။
ကာမိုင်း(ပြန်/ဆက်)