မိုင်းရယ်၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်း စာကြည့်တိုက် ဖွင့်လှစ်

မိုင်းရယ်    ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြု သောအားဖြင့် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အခြေခံပညာအလယ်တန်း ကျောင်း တွင် ပြုလုပ်သည်။

ကျောင်းစာကြည့်တိုက်ဖွင့်ပွဲတွင် မိုင်းရယ်မြို့နယ် ပညာရေးမှူး ဦးစိုင်းစိန်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်ခင်မာလာနှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမြင့်တို့က ကျောင်းစာကြည့်တိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းရှိ စာအုပ်၊ စာစောင် များ ခင်းကျင်းထားရှိမှုအခြေအနေများနှင့် ကျောင်းသား/သူများ စာပေဖတ်ရှုနေမှု များကို လှည့်လည်ကြည့်ရှုအားပေးပါသည်။

အဆိုပါ ကျောင်းစာကြည့်တိုက်ရှိ စာအုပ်၊စာစောင်များကို မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ သုတ/ရသစာအုပ်(၈၀၀)ကျော်လှူဒါန်းထားပြီး ကလေးငယ်များ စာပေဖတ်ရှုခြင်း အလေ့အထ တိုးပွားစေရန်ရည်ရွယ်ပြီး ပံ့ပိုးကူညီထားကြောင်းသိရှိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးထုတ်ဝေသည့် ၂၀၂၂ ပြည့် နှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို ဆရာ၊ဆရာမများနှင့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။

ကျော်ဇင်ထိုက်