သတင်းများ

ဖြူးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 04,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်သား/ကျောင်းသူများ လွတ်လပ်ရေး နေ့ကို အစဉ်မမေ့အပ်စေရေးအတွက်ရည်ရွယ်ကာ ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယမန်နေ့နေ့လယ်က မြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
နမ့်စန်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ
Jan 04,2022
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီ၌ မြို့နယ်ကျောက်တိုင် အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။     
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆင့်မြင့်နိုင်လွန် ကတ္တရာလမ်းသစ် ဖွင့်လှစ်
Jan 04,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရွှေဘို-မြစ်ကြီးနားလမ်း အရှည် ၃.၁ ကီလို မီတာ အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် ပမ္ပတီရပ်ကွက်ရှိ အဆိုပါ လမ်းသစ်၌ ကျင်းပပြုလုပ်သည်။
ထားဝယ်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖိတ်ခေါ်အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ နှင့်အားကစားပြိုင်ပွဲ အမျိုးအစားအလိုက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 04,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖိတ်ခေါ် အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပြိုင်ပွဲအမျိုးအလိုက် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းဒေသကြီး ကိုယ်စားပြု အထိမ်းအမှတ် ယာဉ်နှင့်ဖျော်ဖြေရေးအဖွဲ့များ စေလွှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပုသိမ်တွင် ကျင်းပ
Jan 04,2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းဒေသကြီးကိုယ်စားပြုအထိမ်း အမှတ် ယာဉ်နှင့်ဖျော်ဖြေရေးအဖွဲ့များ စေလွှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
၇၄ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကီလို(၂၀)စက်ဘီးစီးပြိုင်ပွဲ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Jan 04,2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ကီလို(၂၀)စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့နံနက် (၇)နာရီက၊ ပုသိမ်မြို့အဝင်ဒိုက်ထူဂိတ်မှ စတင်တာလွှတ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တာလွှတ်သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပ
Jan 04,2022
၂၀၂၂ ခုနှစ်(၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ပြည်သူ့ရင်ပြင်၌ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
ထားဝယ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား ကျင်းပ
Jan 04,2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။