ကသာ ဇန်နဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယနေ့နံနက်ပိုင်းက စုပေါင်းရုံးကြီးဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
ထိုသို့ကျင်းပပြုလုပ်ရာ၌ ယနေ့နံနက်(၄)နာရီ (၂၀)မိနစ် အချိန်တွင် နိုင်ငံတော်အလံတင် အခမ်းအနား ကျင်းပခဲ့ပြီး နံနက်(၇)နာရီအချိန်တွင် အခမ်းအနားတက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား အလေးပြုပြီး နိုင်ငံတောင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ဖတ်ကြားခဲ့သည်။ အခမ်းအနားတွင် ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။
ထို့နောက် အားကစားပြိုင်ပွဲများကို ပြိုင်ပွဲစဉ်များအလိုက် ဆက်လက်ကျင်းပ ပြုလုပ်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)