သတင်းများ

သရက်ချောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပပြုလုပ်
Jan 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့၊ မြို့မရပ်ကွက်၊ လွတ်လပ်ရေး ကျောက်တိုင်၀င်းအတွင်း နိုင်ငံတော် အလံတင်ခြင်း အခမ်းအနားနှင့် နိုင်ငံတော်အလံ လေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်(၄)နာရီမိနစ်(၂၀)အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၄)နှစ် မြောက် အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ဇန်နဝါရီ(၄)ရက်နေ့ နံနက်(၆:၃၀)နာရီက လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားတက်ရောက်လာသူ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲ ကျင်းပ
Jan 04,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
ဝမ်းတွင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနား ကျင်းပ
Jan 04,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ ့နိုင်ငံတော် အလံအလေးပြုခြင်းနှင့် လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
လောင်းလုံးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင် အခမ်းအနားကျင်းပ
Jan 04,2022
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လှိုင်းဘွဲမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၇) နာရီအချိန်က ဌာနဆိုင်ရာတာဝန်ခံများ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မစျေးအတွင်းနှင့် နံနက်ခင်းစျေးမှ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 04,2022
မန္တတိုင်းဒေသကြီး၊ ရမည်သင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီကအမျိုးသား ဘောလီဘော် ဗိုလ်လုပွဲနှင့်မြန်မာ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်း ကွန်ကရစ်လမ်းအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေး
Jan 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပြီးစီးသော ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများက ဇန်နဝါရီလ ၃ ရက် နံနက် ၇ နာရီ ၃၀ အချိန်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။