(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ
Jan 04,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားသည့် အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦစီးဌာနရုံး၌ ကျင်းပသည်။