(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့်သဝဏ်လွှာ ဖတ်ကြားပွဲအခမ်းအနား လယ်ဝေးမြို့နယ်တွင်ကျင်းပ

လယ်ဝေး  ဇန်နဝါရီ  ၄

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အခမ်း အနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အလံတိုင်ကွင်း၌ ယနေ့နံနက်(၄)နာရီ (၂၀)မိနစ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံတင် စုပေါင်းအလေးပြုအခမ်းအနား ကျင်းပသည်။

ဆက်လက်၍ နံနက် (၇) နာရီအချိန်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလံတိုင်ကွင်း၌ ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို အလေးပြုကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ဖတ်ကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)