သတင်းများ

သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက် ရာဇဓိရာဇ်လမ်းသွယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Jan 04,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက် ရာဇဓိရာဇ် လမ်းသွယ်(၂)တွင် ယနေ့နံနက် ၆ နာရီ ၅၅ မိနစ်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်ရုံး Community Centre ခန်းမတွင် “(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး” Talk Show ကျင်းပ
Jan 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက “(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ် လွှာ ဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Jan 04,2022
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၂ ခုနှစ် ဇန်နနဝါရီလ(၄)ရက်နေ့တွင်ကျရောက်သည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ထံမှပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်
မြဝတီမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့်သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်း အနားကျင်းပ
Jan 04,2022
ကရင်ပြည်နယ် မြဝတီမြို့တွင် ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက်လွတ် လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက်(၄)နာရီ ၂၀ မီနစ်အချိန်၌ မြဝတီမြို့ မြစန္ဒီပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်မြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာ ပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေး
Jan 04,2022
မွန်​ပြည်နယ်မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရုံးဌာနများ၊ ကုမ္ပဏီများ၊ စက်ရုံ၊အလုပ်ရုံများ၊ စျေးများနှင့် ရပ်ကွက်/ကျေးရွာများ အလိုက် မီး​ဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၁၀နာရီခွဲက၊ မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူများသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြည်နယ်ဆိပ်ကမ်းအရာရှိချုပ်ရုံးတွင် ဝန်ထမ်းများအား မီးဘေး အန္တရာယ်အသိပညာ ပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေးကြောင်း သိရသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပြုလုပ်
Jan 04,2022
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်၏၂၀၂၂ ခုနှစ် ဇန်နနဝါရီလ(၄)ရက်‌နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် မြင်းမူမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲများ ယင်းမာပင် ၌ ကျင်းပ
Jan 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှာ ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို မြို့နယ် လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ကျင်းပကြောင်း သိရသည်။
ဖားကန့်မြို့၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ
Jan 04,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဖားကန့်မြို့စုပေါင်းရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွှင့်တင်ခြင်းကို ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ နိုင်ငံတော်အလံအားအလေးပြုကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုကြသည်။