မယ်စဲ့မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား ကျင်းပ

မယ်စဲ့   ဇန်နဝါရီ  ၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်က မြို့နယ်ခန်းမရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။

ရှေးဦးစွာ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို နံနက် ၄ နာရီ မိနစ် ၂၀ ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင် ဗိုလ်မှူးအောင်ခိုင်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား စုပေါင်း အလေးပြုကြသည်။

ထို့နောက် နံနက် ၇ နာရီတွင် မြို့နယ်ခန်းမ၌ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင် ဗိုလ်မှူးအောင်ခိုင်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြုတပ် ဖွဲ့နှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံကို အလေးပြုကြပြီးနောက် မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သောလာသော သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)