သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ အ.ထ.ကကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်
Jan 05,2022
နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ အ.ထ.က ကျောင်း၌ မြို့နယ် ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉နာရီမှ မွန်းလွဲ ၃ နာရီထိ ကျိုက္ခမီ အ.ထ.ကကျောင်း၌ နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးသည်။