ဇမ္ဗူသီရိ ဇန်နဝါရီ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက “(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နီလာစိုး၊ စာရေးဆရာခိုင်မင်း (နေပြည်တော်) နှင့် စာရေးဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ရှိခဲ့ပုံနှင့် လွတ်လပ်ရေး ရရှိခဲ့ပုံ အကြောင်း၊ လွတ်လပ်ရေးအလံတင်အခမ်းအနားတွင် ကမ္ဘာမကြေသီချင်း ဖြစ်ပေါ်လာပုံ အကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် ခုနှစ်သက္ကရာဇ်နှင့် အိမ်နီးချင်းနိုင်ငံများ လွတ်လပ်ရေး ရရှိခဲ့သည့်ခုနှစ်သက္ကရာဇ်၊ လွလ်လပ်ရေးရပြီးစ ကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံအခြေအနေများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အခြေအနေများ၊ လွတ်လပ်ရေးကို ထိန်းသိမ်းရမည့် မျိုးဆက်သစ်တို့၏ တာဝန်များ စသည့် အကြောင်းအရာများကို ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)