သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက် ရာဇဓိရာဇ်လမ်းသွယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

သံဖြူဇရပ် ဇန်နဝါရီ  ၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက် ရာဇဓိရာဇ် လမ်းသွယ်(၂)တွင် ယနေ့နံနက် ၆ နာရီ ၅၅ မိနစ်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရာဇဓိရာဇ်လမ်းသွယ်(၂)ရှိ ပိုင်ရှင် ဦးသီဟ နေအိမ်တွင် ထင်းမီးဖြင့် ရေနွေးအိုးတည်ရာမှ ထရံသို့ကူးစက်၍ စတင်မီးစွဲ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ပုဂ္ဂလိကရေသယ်ယာဉ်(၁)စီးဖြင့် သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၁၁) ဦး၊အရန်မီးသတ်ဖွဲ့ဝင် (၁၀)ဦးနှင့်အနီးရှိပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၁၈မိနစ်တွင် မီးငြှမ်းနိုင်ခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း အဆောက်အဦ (၁)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အေးအေးမွန် (ပြန်/ဆက်)