မိုင်းယု ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ပြည်သူများအနေဖြင့် အပြင်ထွက်သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်သွားလာမှု ရှိစေရန် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက မြို့လမ်းဆုံနေရာ၌ Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်း (Mask) များ ပေးဝေခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရန်အတွက် လိုက်နာရမည့်အချက်များ၊ လက်ကို HandGel (သို့မဟုတ်) ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်နှင့် လူစုလူဝေး နေရာများ သွားလာခြင်းမှရှောင်ကြရန် စသည့်အချက်များကို အသိပညာပေး ပြောကြားခဲ့သည်။
မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် Mask တပ်ဆင်သွားလာရေး စစ်ဆေးမှုကြီးကြပ်ရေး အဖွဲ့ဝင်များ ဖြစ်သည့် ထွေ/အုပ်၊ ကျန်းမာရေး၊ ပညာရေး၊ ရဲတပ်ဖွဲ့၊ ပြန်/ဆက်၊ စိုက်ပျိုးရေး၊ မီးသတ်နှင့် မော်တော်ယာဉ်ဂိတ်မှူးတို့ ပါဝင်၍ အပတ်စဉ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး Mask မတပ်ထား သူများအား နှာခေါင်းစည်းတစ်ခုစီ ပေးဝေခဲ့ကြကြောင်း သိရသည်။
အားချာ၊ ကိုကိုနိုင်