မိုင်းခုတ် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ ညနေ ၃ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက နိုင်ငံဝန်ထမ်းများ ခံစားခွင့်ရှိသည့် ခွင့်(၁၀)မျိုးနှင့် ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူများ အားလည်းကောင်း၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်သီတာအေးက ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများအားလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးအောင်လွင်ဌေးက ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ် များအားလည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ခံစားခွင့်ရှိသော အခွင့်အရေးများနှင့် စောင့်ထိန်းလိုက်နာ ရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)