မော်လ​မြိုင်ကျွန်းမြို့ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုလျက်ရှိ

​မော်လ​မြိုင်ကျွန်း ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ​မော်လ​မြိုင်ကျွန်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲအား ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက စတင်ပြီး စစ်ဆေးခဲ့ရာ ဇန်နဝါရီ ၇ ရက်နေ့အထိ​​ ကျောင်းသား၊ ​​ကျောင်းသူများ​ အေးချမ်း​ပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။

အဆိုပါ ပထမနှစ်ဝက် စာ​မေးပွဲစစ်ဆေးခြင်းကို ဇန်နဝါရီလ ၆ ရက်မှ ၈ ရက်အထိ တစ်ရက်လျှင် ဘာသာရပ်နှစ်ခုဖြင့် (၃)ရက်ကြာ စစ်ဆေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု (၁၂၁) အုပ်စုမှ အခြေခံပညာကျောင်း (၃၈၁)ကျောင်း၊ ဘုန်း‌တော်ကြီးသင်ပညာရေး ကျောင်း(၃၉)ကျောင်း ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိရာ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ (၄၂၅၀၇) ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေး‌ ကျောင်းများတွင် (၂၇၀၃)ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၂၁၀) ဦး တက်ရောက်သင်ကြားလျက်ရှိ ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)