ကနီ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်း သင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မိုးနှင့် မစဖအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြဆရာမနှင့် သင်တန်းသူများ တက်ရာက်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌမှ အလှပြင်နည်းပြ သင်တန်းဆရာမထံသို့ အလှပြင်ပစ္စည်းများ လွဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၁၀)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသူ (၁၀)ဦး တက်ရောက်ကြောင်း သတင်း ရရှိသည်။
မြို့နယ်(ပြန်/ဆက်)