ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ဇမ္ဗူသီရိ ဇန်နဝါရီ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် ခန်းမ၌ ယနေ့ ညနေ () နာရီအချိန်က စာရေးဆရာ ရာမည-သွေးမွန် ရေးသားထားသည့်ခြေအသားမာ ဝေဒနာအပိုင်းအစနှင့် အခြားကဗျာများစာအုပ်များအားပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့သို့ လှူဒါန်းထားသည့် စာအုပ်အလှူရှင် ဦးသိန်းဟန် စာရေးဆရာ (ရာမည-သွေးမွန်) ရေးသားထားသောခြေအသားမာ၏ ဝေဒနာ အပိုင်းအစနှင့် အခြားကဗျာများစာအုပ်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်) စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်အေးမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ခရိုင်/မြို့နယ် ပြည်သူ့စာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက်  ပြန်လည်ပေးအပ်လှူဒါန်းရာ ပြန်/ဆက်ဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လက်ခံရယူပြီး ကျေးဇူးတင် ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာ အား ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)