ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် သက်သေခံလက်မှတ် ပြသနိုင်မှသာ မြို့နယ်တွင်းသို့ ဝင်ရောက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ

ဂွ ဇန်နဝါရီ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က  အခြားဒေသမှ ဝင်ရောက် လာသူများ အနေဖြင့် (၁၇--၂၀၂၂)ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် သက်သေခံ လက်မှတ် ပြသနိုင်မှသာ ဂွမြို့နှင့် ကျိန္တလီမြို့အတွင်းသို့ ဝင်ရောက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ဂွမြို့နယ်အတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှုသည် အရေးကြီးသောကြောင့် ဂွမြို့နယ်အတွင်းသို့ အခြားဒေသမှ ဝင်ရောက်လာသူများ အနေဖြင့် (၁၇--၂၀၂၂)ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် သက်သေခံ လက်မှတ်ပြသနိုင်မှသာ မြို့နယ်တွင်းသို့ ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်းနှင့် အခြားဒေသမှ ဝင်ရောက်လာသူများကို ဗေဒါစစ်ဆေးရေးဂိတ်တွင် စစ်ဆေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရွှေရည်ဝင်းကျော်