စာရေးဆရာ ကိုချမ်းမြေ့ ရေးသားသည့် “ပြည်သူများနှင့်ပြည်သူ့ဆက်ဆံရေး” ဆောင်းပါးအား စာဖတ်ဝိုင်း ပြုလုပ်

ဇမ္ဗူသီရိ ဇန်နဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ ၂၂-၁၁-၂၀၂၁ မြဝတီ သတင်းစာတွင် ပါရှိသည့် စာရေးဆရာ ကိုချမ်းမြေ့ ရေးသားထားသော  “ပြည်သူများနှင့် ပြည်သူ့ ဆက်ဆံရေး” ဆောင်းပါးအား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင် (စာရေးဆရာမဇင်) က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ ကိုချမ်းမြေ့ ရေးသားသည့်  “ပြည်သူများနှင့်ပြည်သူ့ဆက်ဆံရေး” ဆောင်းပါးအား  စာရေးဆရာ ကိုချမ်းမြေ့က ကိုယ်တိုင်ဖတ်ကြားခဲ့ပြီး စာရေးဆရာမ မေချို(ပျဉ်းမနား)၊ စာရေးဆရာ သဘာဝ၊ စာရေးဆရာ ခိုင်မင်း( နေပြည်တော်)၊ စာရေးဆရာ ဟန်ညွှန့် (ယဉ်ကျေးမှု) ၊ စာရေးဆရာ မျိုးလေး (ကသာ)၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)နှင့် စာပေဝါသနာရှင်များက ဆောင်းပါးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း အဖွဲ့ဝင်များ၊ နေပြည်တော် စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ ဇမ္ဗူသီရိမြို့နယ် (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း(၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)