သတင်းများ

လမ်းမကြီးဘေးတွင် ကျူးကျော်စျေးဆိုင်များ ရောင်းချမှုမရှိရေး၊ လယ်ယာမြေများပေါ်တွင် အဆောက်အဦးများ စည်းကမ်းမဲ့ ဆောက်လုပ်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး
Jan 10,2022
မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ လမ်းနယ်အတွင်း ကျူးကျော်စျေးဆိုင်များ ရောင်းချခြင်းနှင့် လယ်ယာမြေများတွင် ခွင့်ပြုချက်မရှိဘဲ၊ အဆောက်အအုံ ဆောက်လုပ်ရန် ပြင်ဆင်နေမှုများအား ဇန်နဝါရီ ၈ ရက် နေ့လယ် ၁၂ နာရီတွင် မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌ ဦးနေမင်းထွန်း၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံဂုဏ်ဆောင်ထူးချွန်သည့် အားကစားသမားများအား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်
Jan 10,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံဂုဏ် ဆောင် ထူးချွန်သည့် အားကစားသမားများအား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
မိုးကောင်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး Sinovac ဒုတိယအကြိမ်နှင့် ကျောင်းသား ဆေးထိုးအသစ်များအား first doses ထိုးနှံပေး
Jan 10,2022
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား မိုးကောင်းမြို့တော်ခန်းမ၊ အ.ထ.က(နမ္မတီး)နှင့် ပင်းဘောကျေးရွာ ဘက်စုံသုံးခန်းမ ဆေးထိုးစုရပ်တို့၌ ယနေ့နံနက် (၉)နာရီခွဲတွင် ကိုဗစ်ကာကွယ်ဆေး Sinovac ဒုတိယအကြိမ်နှင့် ကျောင်းသားဆေးထိုးအသစ် (၁၁၈၆)ဦးအား first doses ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပြုလုပ်
Jan 10,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာနေပြည်သူများအား ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး
Jan 10,2022
ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်‌တောင်ပိုင်းခရိုင်၊  ခရမ်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက်(  ၉ )နာရီက   အမှတ် ( ၁၀ )ရပ်ကွက်အတွင်းရှိ  ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်လည်း ကျေးရွာ / ရပ်ကွက်များအရောက် ကွင်းဆင်း ပြုလုပ်ဆောင် ရွက် ပေးခဲ့ကြောင်းသိရသည်။
ပန်းရံကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိ
Jan 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ‌လုပ်ငန်း‌ဆောင်ရွက် လျက်ရှိကြောင်း ရွှေဘိုကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်
Jan 10,2022
မိတ္ထီလာမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအား ကို​ဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇန်ဝါရီလ ၁၂ ရက်နေ့တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center)တွင် စာဖတ်ဝိုင်းကျင်းပ
Jan 10,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာပေမြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်၊ စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန်၊ တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များ မျှဝေတတ်စေရန် ရည်ရွယ်၍ ကျောင်းသားကျောင်းသူများဖြင့် စာရေးဆရာ ဦးဝမ်ထိန် ရေးသားသော ကိုယ်ပိုင်အသိဖြင့် ဘဝခရီး ကိုအောင်မြင်စွာလျှောက်လှမ်းခြင်း စာအုပ်ဖြင့် ဇန်နဝါရီလ(၁၀)ရက် နေ့လည်(၁)နာရီအချိန်က ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာန ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။