ခရမ်း ဇန်နဝါရီ ၁၀
ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက်( ၉ )နာရီက အမှတ် ( ၁၀ )ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်လည်း ကျေးရွာ / ရပ်ကွက်များအရောက် ကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရပ်ကွက်/ ကျေးရွာအုပ်စုသို့ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးရာတွင်လည်း ခရမ်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ရပ်ကွက်အတွင်း အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသည့် ပြည်သူများနှင့် အသက် (၁၈)ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားသည့် ပြည်သူ စုစုပေါင်းပြည်သူ(၁၀၅)ဦးတို့ကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ခရမ်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများသို့လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးဌာနရုံးမှသိရှိရသည်။
ကိုမင်း ( ခရမ်း )