သတင်းများ

လယ်​ဝေးမြို့နယ်တွင် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်
Jan 10,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲ သစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက် ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့​ကြသည်။
ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲ သစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြ သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများအလိုက် ပြည်သူများအား ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jan 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူများကို ယနေ့ နံနက်(၉)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ် နေရာအသီးသီးတို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Jan 10,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဇေယျာသီရိမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် အားကစားဝါသနာရှင်များအတွက်  Online စနစ်ဖြင့်  Physical Fitness Dance အစီအစဉ် တင်ဆက်ပြသ
Jan 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမနနေ့ နံနက်(၁၀)နာရီက အားကစားဝါသနာရှင်များအတွက် Online စနစ်ဖြင့် Physical Fitness Dance အစီအစဉ်တင်ဆက်ပြသခဲ့ကြောင်း သိရသည်။
အဆင့်မြင့်ယာဉ်ကြီးမောင်းသင်တန်းအမှတ်စဉ်(၅၃/၂၀၂၂)သင်တန်းဖွင့်လှစ်
Jan 10,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးမှကြီးမှူး၍ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ (ဘုရင့်နောင်)နှင့် မြန်မာနိုင်ငံ ကုန်သေတ္တာတင် ယာဉ်အသင်း(ဗိုလ်တထောင်)တို့ ပူးပေါင်းဆောင်ရွက်ဖွင့်လှစ်သည့် အဆင့်မြင့်ယာဉ်မောင်း သင်တန်းအမှတ်စဉ် (၅၃/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကုန်လမ်းပို့ဆောင်ရေး အင်ဂျင်နီယာသင်တန်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
ရွှေကျင်မြို့နယ် ကျုံချောင်ကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 10,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကျုံချောင်ကျေးရွာအတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျုံချောင်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက် /ဆောင်းဘောက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။