ပန်းရံကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိ

ရွှေဘို  ဇန်နဝါရီ   ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ‌လုပ်ငန်း‌ဆောင်ရွက် လျက် ရှိကြောင်း ရွှေဘိုကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းကို  ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် ပထမ‌ ခြေက်လပတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျပ်သိန်း (၁၀၀)၊ ပြည်သူထည့်ဝင်ငွေများဖြင့် အရှည် ၃၆၈ ပေ၊ အကျယ် ၁၂ပေ၊ ထု ၉လက်မ၊ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် ပထမ‌ ခြေက်လပတ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ(၄) ရွာတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်းကျေးရွာ(၁)ရွာလျင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျပ်သိန်း(၁၀၀)နှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေ များ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရ မည်ဖြစ်သည်။  ထို့သို့ ဆောင်ရွက်ရာတွင်  မိမိတို့ကျေးရွာ၏ လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ အဆောက် အဦများ စသည့်ပကတိ လိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် ကျေးရွာ ဖွံ့ဖြိုးရေး စီမံချက်များကို ဒေသခံပြည်သူများကိုယ်တိုင်ရေးဆွဲ လုပ်ကိုင်စေ၍ မိမိတို့ဌာနမှ နည်းပညာများကို ပံပိုး ဆောင်ရွက်ပေးကာ လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူ ထံမှသိရသည်။

ထွန်းမြင့်အောင်