သတင်းများ

ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာနမှ ဝန်ထမ်းများကအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ဆက်လက် ထိုးနှံပေး
Jan 10,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရန်နှင့် လျော့ကျစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၉)နာရီ အချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ)အကြိမ်ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမတံခွန်းဒိုင်းဆုရ အားကစား သမားများအားဆုချီးမြှင့်ပွဲကျင်းပ
Jan 10,2022
၂၀၂၂ ခုနှစ်ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်ခဲ့သည့် ၇၄ နှစ်​မြောက် အထိမ်းအမှတ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသားဖူဆယ်ဘော လုံးပြိုင်ပွဲ ပထမတံခွန် စိုက်ဆုရ ညောင်ဦးခရိုင် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားအစီကို ဇန်နဝါရီ ၁၀ရက်၊ မွန်းလွဲ ၂ နာရီတွင် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပခဲ့သည်။
မိုင်းခတ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Jan 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း Online မှတစ်ဆင့် ဆောင်ရွက် ပေးလျက်ရှိသည်။
ဒဂုံမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက်၊ ရပ်ကွက် (၅) ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 10,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVISHIELD) ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း (၁၇၆) ဦးကိုလည်းကောင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေး (SINOVAC) ထိုးနှံသူ စုစုပေါင်း (၁၁၂) ဦးကိုလည်းကောင်း အသီးသီး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
လားရှိုးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် အတွင်းရှိပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် အသက်(၁၈) ပြည့်ပြီးသူများ Phase-6(First Dose)နှင့် Phase-4/5(Second Dose) ထိုးနှံရန်ကျန်ရှိသူများကို သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဟိုင်းကြီးကျွန်းမြို့၊ မရမ်းကွင်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ မရမ်းကွင်းကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ၊ ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို ဇန်နဝါရီလ (၈)ရက်နေ့မှ (၉)ရက်နေ့ ထိ နံနက်ပိုင်းမှစ၍ (၂)ရက်ကြာ မရမ်းကွင်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
သီပေါမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေ
Jan 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘော်ကြိုဘုရားကြီး တိုက်ပွဲရှောင်စခန်းတွင် ရောက်ရှိနေသော ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ တိုက်ပွဲရှောင်စခန်းတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။