မိုးကောင်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး Sinovac ဒုတိယအကြိမ်နှင့် ကျောင်းသား ဆေးထိုးအသစ်များအား first doses ထိုးနှံပေး

မိုးကောင်း      ဇန်နဝါရီ        ၁၀

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား မိုးကောင်း မြို့တော်ခန်းမ၊ .ထ.က(နမ္မတီး)နှင့် ပင်းဘောကျေးရွာ ဘက်စုံသုံးခန်းမ ဆေးထိုးစုရပ်တို့၌ ယနေ့နံနက် ()နာရီခွဲတွင် ကိုဗစ်ကာကွယ်ဆေး Sinovac ဒုတိယအကြိမ်နှင့် ကျောင်းသားဆေးထိုးအသစ် (၁၁၈၆)ဦးအား first doses ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယခင်ဒီဇင်ဘာလ၌ အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူ အထက်တန်း (၉၁)ဦးနှင့် အလယ်တန်း (၃၆၇)ဦး စုစုပေါင်း (၄၅၈)ဦးအား ကိုဗစ်ကာကွယ်ဆေး Sinovac ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံခဲ့ရာ အဆိုပါဆေးထိုးဦးရေ အား Second Doses အဖြစ် ဆက်လက် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများက ကိုဗစ်ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး Sinovac ထိုးနှံပြီးသူ ယခင်က (၃၉၉၉)ဦး အပါအဝင် စုစုပေါင်း (၄၄၅၇)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး