လမ်းမကြီးဘေးတွင် ကျူးကျော်စျေးဆိုင်များ ရောင်းချမှုမရှိရေး၊ လယ်ယာမြေများပေါ်တွင် အဆောက်အဦးများ စည်းကမ်းမဲ့ ဆောက်လုပ်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး

မြန်အောင် ဇန်နဝါရီ ၁၀

မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ လမ်းနယ်အတွင်း ကျူးကျော်စျေးဆိုင်များ ရောင်းချခြင်းနှင့် လယ်ယာမြေများတွင် ခွင့်ပြုချက်မရှိဘဲ၊ အဆောက်အအုံ ဆောက်လုပ်ရန် ပြင်ဆင်နေမှုများအား ဇန်နဝါရီ ရက် နေ့လယ် ၁၂ နာရီတွင် မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌ ဦးနေမင်းထွန်း၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုသိမ်-မုံရွာ ကားလမ်းမကြီးပေါ်ရှိ လမ်းနယ်အတွင်း ကျူးကျော်စျေးရောင်းချမှုများကြောင့် စျေးရောင်းချသူများသာမက စျေးဝယ်သူများပါ ယာဉ်အန္တရာယ်ရှိသဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများက မြို့နယ်သို့ တင်ပြဆောင်ရွက်ခဲ့ရာ မြို့နယ်လယ်ယာမြေ စိစစ်ရေးအဖွဲ့မှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းဇော်ထွန်း