အမ်း ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာပေမြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်၊ စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန်၊ တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များ မျှဝေတတ်စေရန် ရည်ရွယ်၍ ကျောင်းသားကျောင်းသူများဖြင့် စာရေးဆရာ ဦးဝမ်ထိန် ရေးသားသော ကိုယ်ပိုင်အသိဖြင့် ဘဝခရီး ကိုအောင်မြင်စွာလျှောက်လှမ်းခြင်း စာအုပ်ဖြင့် ဇန်နဝါရီလ(၁၀)ရက် နေ့လည်(၁)နာရီအချိန်က ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာန ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒေါ်ခင်မျိုးတင် စာထောက်(၃)က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေး ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ဒသမတန်း ကျောင်းသူ မသော်တာထွန်းက လောက၌ မိမိအားထားရမည့်သူ အဖော်ပြုရမည့်သူသည် အခြားသူ တစ်ဦးတစ်ယောက်မျှမဟုတ်ပါ၊ မိမိကိုယ်တိုင်သာ ဖြစ်ကြောင်း ခရီးလမ်းတစ်ခုကို လျှောက်လှမ်းနေသူ တစ်ဦးကိုကြည့်လျှင် ထိုသူသည် ခြေနှစ်ချောင်းကို အသုံးပြုလျက် လျှောက်လှမ်းနေသည်။
ဘဝဟူသောခရီးလမ်းကြီးတစ်လျှောက် လျှောက်လှမ်းနေသူ လူသားများသည်လည်း ထိုနည်းတူပင်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အသိသည် ကိုယ်တွင်ဆင်မြန်းထားသော သံချပ် အကျကြီးနှင့်တူကြောင်း၊ လောက၌ ဆင်ခြင်စဉ်းစားမှုမရှိခြင်း၊ အယုံလွယ်ခြင်း၊ သူတစ်ပါးကို အားကိုးခြင်းတို့ကြောင့် ဘဝရေထဲတွင် စုန်းစုန်းမြုတ်သွားရခြင်းကြောင့် လောက လူသားတိုင်း အလေးထားဆင်ခြင်သင့်ကြောင်း၊ ကိုယ်ပိုင်အသိ ကိုယ်ပိုင်ရပ်တည်ချက်ကို ရယူတည်ဆောက် သင့်ကြောင်းများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြသည်။
စိုးမင်းထွန်း