အလုံမြို့နယ်၌ မြေငလျင်ဘေး ဇာတ်တိုက်လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်
Jan 10,2022
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည် ပြည်သူလူထုအပေါ် ကျရောက်လာနိုင်သည့် သဘာဝဘေး အန္တရာယ်အမျိုးမျိုးတို့မှ အရေးပေါ်ကူညီကယ်ဆယ်ခြင်း လုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပြီး၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိရာတွင် ယမန်နေ့၊ နံနက် (၆) နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် မြေငလျင်ဘေး ဇာတ်တိုက် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။